Events
(၁၉) ကြိမ်မြောက် တရုတ်- အာဆီယံကုန်စည်ပြပွဲ (19th CAEXPO) နှင့်စပ်လျဉ်း၍ အကြီးတန်းအရာရှိကြီးများ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
Updated At: 2022-04-26 13:03:27

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန်(၀၈:၀၀)နာရီတွင် (၁၉) ကြိမ်မြောက် တရုတ်- အာဆီယံကုန်စည်ပြပွဲ (19th CAEXPO) နှင့်စပ်လျဉ်း၍ အကြီးတန်းအရာရှိကြီးများ အစည်းအဝေးကို Online/Offline ဖြင့် hybrid ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါ ဦးဆောင်သော တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ ကျွမ့်အမျိုးသားကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကွမ်ရှီးပြည်နယ် ဒုတိယပြည်နယ်ဥက္ကဌ၊ Ms. Cai Lixin၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) မှ တာဝန်ရှိသူများ၊ MOFCOM ၊ Investment Promotion Agency အကြီးအကဲ Mr. LI Yong၊၊ CAEXPO အတွင်းရေးမှူးချုပ်ရုံးမှ အတွင်းရေးမှူးချုပ် Mr. WANG Lei နှင့် တာဝန်ရှိသူများ၊ ASEAN နိုင်ငံများမှ အကြီးတန်းအရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံသံရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တရုတ်- အာဆီယံကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ (၁၉) ကြိမ်မြောက် တရုတ်- အာဆီယံကုန်စည်ပြပွဲ (19th CAEXPO) တွင် ပါဝင်ပြသနိုင်ရေးအတွက် အာဆီယံနိုင်ငံများမှ ဆောင်ရွက်လျက်ရှိသော အခြေအနေများနှင့် အဆိုပါ ကုန်စည်ပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့နှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိပါသည်။
More Events
2nd ASEAN-Pakistan Business Opportunities Conference ကျင်းပမည်
Date: 16th to 21th April, 2025
Smart Farm Korea 2025 (SFKOREA 2025 ) ပြပွဲ ကျင်းပမည်
Date: 21st to 23rd May, 2025
FTCCI Experiential Tourism MICE Fair 2025 ပြပွဲ ကျင်းပမည်
Date: 26th to 27 th May, 2025